Neuschwanstein ရဲတိုက်ကြီး
ဂျာမနီ နိုင်ငံ Bavaria က neuschwanstein ရဲတိုက်ကြီးဟာ ကမ္ဘာ့အလှပဆုံးနိုင်ငံများထဲကတစ်ခုဖြစ်ပါတယ်
Bavaria ရဲ့ အရှေ့တောင်ဘက် က ကြမ်းတမ်းမတ်စောက်တဲ့ တောင်ကုန်းကြီးပေါ်မှာ ၁၉ ရာစုခန့်က တည်ဆောက်ခဲ့တာပါ
စတင်ဆောက်လုပ်ခဲ့တာက တော့ စက်တင်ဘာလ ၅ ရက် ၁၈၆၉ ခုနှစ်က ဖြစ်ပါတယ်
၁၈၈၆ ခုနှစ်မှာတော့ အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ပြီး ဖွင့်လှစ်ပြသခဲ့ပါတယ်
လူးဝစ်(၂) ဘုရင် က အကုန်အကျခံ ဆောက်လုပ်ပေးခဲ့တာပါ
ဗိသုကာ ပညာရှင် Eduard Riedel က ဒီဇိုင်းဆွဲပေးခဲ့ပြီး
ဆောက်လုပ်သူအင်ဂျင်နီယာများကတော့ Georg_von_Dollmann ၊ Eduard Riedel ၊ Julius Hofmann တို့ ပူးပေါင်းကာ ဆောက်လုပ်ခဲ့ကြတာပါ
ဒီဇိုင်းပိုင်းကို တော့ လူးဝစ် ဘုရင်ကိုယ်တော်တိုင် အကြံပေးခဲ့တာပါ
အခန်းပေါင်း ၂၀၀ ကျော်ဖြင့်ဖွဲ့စည်းထားပြီး အစေခံများ ဧည့်သည်များအတွက် နေရာများပင် စီမံထားရှိခဲ့ပါတယ်
ထီးသုံးနန်းသုံးအသုံးအဆောင်များ အတွင်းပိုင်းမှ ရင်သပ်ရှုမောဖွယ်ရာ ဗိသုကာလက်ရာများကိုမြင်တွေ့ရမှာဖြစ်ပါတယ်
အကျယ်ဆုံးအခန်းကတော့ ညီလာခံကျင်းပရာ အခန်းဖြစ်ပါတယ်
ယခုအချိန်မှာတော့ အဆိုပါ ရဲတိုက်ကြီးဟာ ဂျာမန်ပြည်ရဲ့အထင်ကရနေရာတစ်ခုဖြစ်နေပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းနှင့်ချီလာရောက်လည်ပတ်လျက်ရှိပါတယ်
ဗဟုသုတများပိုမိုသိရှိရန် The Icon ကို like သာ နှိပ်ထားလိုက်ပါ
www.theicon.blogspot.com
KH
0 comments:
Post a Comment